အရေးလေ့ကျင့်ဖို့ စု တု ပြု နမူနာ
ကျွန်တော်တို့တွေ အင်္ဂလိပ်စာဖတ်ရင်၊ အထူးသဖြင့် Literature ဖတ်ရင် စာထဲ ကဗျာထဲမှာ ကိုယ်နှစ်သက်တဲ့ ဝါကျလေးတွေ၊ ကိုယ်နဲ့ resonate ဖြစ်တဲ့ စာကြောင်းလေးတွေ၊ အသုံးလေးတွေဟာ ကြိုက်လွန်းလို့ စာဖတ်ရင်းနဲ့ အဲဒီဝါကျလေးကို လိုင်းသားထားမိတယ်။ မှတ်စုချရေးမိတယ်။ စိတ်ထဲ မှတ်ဉာဏ်ထဲမှာလည်း အဲဒီလို ဝါကျလေးတွေ ပြန်ပြန်ပေါ်လာတတ်တယ်။ အဲဒီလိုမျိုး ဝါကျလေးတစ်ခုကို အနည်းငယ်ပြောင်းပြီး ဒီ post မှာ စု တု ပြု ဆင့်ပွားဝါကျလေးတွေ အရေးလေ့ကျင့်နိုင်တာကို နမူနာပြချင်ပါတယ်။
ကဗျာဆရာကြီး Samuel Taylor Coleridge ရဲ့ လူသိများတဲ့ The Rime of the Ancient Mariner ကဗျာထဲမှ ဝါကျလေး တစ်ကြောင်းကို နမူနာယူမယ်။ အဲဒီ sentence pattern ကိုပဲ recycle လုပ်ပြီး Subject ကို ပြောင်းသုံးပြီး စိတ်ဝင်စားစရာကောင်းတဲ့ creative writing ဝါကျလေးတွေ ဆင့်ပွားရေးကြည့်မယ်။
1. Water, water everywhere and not a drop to drink.
ရေတွေ ရေတွေ နေရာတိုင်းမှာ သောက်စရာ အလျဉ်းမရှိပါ။
ဒီဝါကျမှာ liar မုသားပြောသူကို Subject လုပ်မယ်။
2. Liars, liars everywhere and not a soul to believe.
လူလိမ် လူညာ နေရာတိုင်းမှာ ယုံစရာ အလျဉ်းမရှိပါ။

အသံတွေ voices ကို Subject လုပ်ပြီး နောက်ဝါကျတစ်ခု ရေးမယ်။
3. Voices, voices everywhere, and not a word truly heard.
အသံတွေ အသံတွေ နေရာတိုင်းမှာ၊ တကယ် နားထောင်ပေးတာ မရှိပါ။
နံရံတွေထဲ ပိတ်ထားခံရသလို ခံစားနေရတယ်။ walls ကို Subject နေရာထား ရေးကြည့်မယ်။
4. Walls, walls everywhere, and not a door to escape.
နံရံတွေ နံရံတွေ ကာထားလိုက်တာ၊ ထွက်ပေါက်တံခါး မရှိပါ။
မျက်နှာဖုံးအမျိုးမျိုး တပ်ဆင်ထားတဲ့ ဟန်ဆောင်ကောင်းတဲ့ လောကကြီး။ mask ကို Subject လုပ်ပြီး နောက်တစ်ကြောင်း ရေးမယ်။
5. Masks, masks everywhere, and not a face beneath them.
မျက်နှာဖုံးများ နေရာတိုင်းမှာ၊ တကယ့်မျက်နှာ မတွေ့ရပါ။
လမ်းပျောက်နေတယ်၊ လမ်းပြပေးပါ ကြယ်လေးတွေရယ်။ star ကို Subject လုပ်ပြီး နောက်ဆုံးတစ်ကြောင်း လေ့ကျင့်ရေးမယ်။
6. Stars, stars everywhere, and yet no light to guide the way.
ကြယ်ကလေးတွေ အပြည့်ပါလား၊ လမ်းပြမယ့် အလင်း မတွေ့သေးပါ။
စု တု ပြု နမူနာ။ တိုးတက်ချင်ရင် ကိုယ်တိုင်ချရေး လေ့ကျင့်ပါ။
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
October 1, 2024
No comments:
Post a Comment